Notification texts go here. Buy Now!
Posts

Mr.Google နှင့် တွေ့ဆုံပေးခြင်း

ဒီ Mr.Google လေး ဖြစ်မြောက်လာဖို့အတွက် ကျနော့်စိတ်ကို နှိုးဆွပေးသော မြန်မာအိုင်တီဆိုက်မှ သူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိကြောင်း ပထမဦးစွာ ပြောလိုပါတယ်..

မရေးသားမီအနေအထား
ဒီပိုစ့်ကို ကျနော် ရေးသားလိုက်ပြီးတဲ့နောက်မှာ အဲဒိထဲက ကွန်းမန့်တွေက ကျနော့်ကို မြှောက်ပေးကြပါတယ် :D
အကြောင်းအရင်းလေးတွေကတော့ အဲဒိကစတာပါပဲ .. ကိုအိုင်တီ မောင်မောင်ရဲ့ Gtalk Bomber တော့ ဘယ်လိုအနေအထားရှိနေလဲဆိုတာ ကျနော်မသိဘူး.. ဒါပေမယ့် ဒီကနေ တော့ Agree ဆိုတဲ့ခလုတ်လေးကို နှိပ်ရင်တော့ grouping message တွေ ပို့လို့ရနေပါသေးတယ်.. အဲဒီ Gtalk Bomber ကြီးကိုပဲ Spam တက်တယ်ဆိုပြီး မသုံးကြတာတွေ , မကောင်းပြောတာတွေ ရှိနေကြတာကို ဒီနေရာမျိုး မှာ ဖတ်လိုက်ရပါတယ်.. ကျနော် နဲနဲတော့ ရီချင်သွားပါတယ်.. အကြောင်းအရင်းကတော့ Spam လုပ်တယ်ဆိုတာကိုပါ.. ဒီဆော့ဝဲသုံးမှ သို့မဟုတ် ကိုအိုင်တီမောင်မောင်ရဲ့ Gtalk Bomber သုံးမှ Spam လုပ်လို့ရတာမဟုတ်ပါဘူး.. private ချက်နေရင်းနဲ့လည်း အဓိပါ္ပယ်မရှိတဲ့ စာတွေ တောက်ရှောက်ရိုက်ပြီး အန်းတာခေါက်နေခြင်းဟာလည်း Spam လုပ်တာပါပဲ.. :) အိုင်တီမောင်မောင်တော့ ဒီကိစ္စကို ဘယ်လိုရှင်းလဲတော့ မသိဘူး.. သူနဲ့လည်းမသိပါဘူး ကာကွယ်ပြောဆိုခြင်းလည်း မဟုတ်ပါဘူး... နောက်တစ်ခုက တော့ Password ကို ခိုးယူနိုင်တယ်ဆိုတဲ့ ဝေဖန်ချက်ပါပဲ.. ဒါကတော့ ရှင်းရှင်းလေးပါ.. application developer သို့မဟုတ် web developer တစ်ယောက်က သူဖန်တီးထားတဲ့ app တစ်ခုကနေ Coding လေး ၅ ကြောင်း ၆ ကြောင်းလောက် ပြင်လိုက်တာနဲ့ သင့်ရဲ့ user name နဲ့ password ကို အသာကလေး ယူနိုင်ပါတယ်ဆိုတဲ့အချက်ကို .. အိုင်တီနယ်ပယ်ထဲမှာ ကျင်လည်နေသရွေ့ မမေ့သင့်ပါဘူး.. ဒီလိုပြောလို့ ကျနော့် Mr.Google က password ခိုးတဲ့ဟာကြီး ဆိုပြီး အထင်ရောက်စေချင်ပါဘူး... စေတနာနဲ့ ပြုလုပ်လိုက်တဲ့ ဆော့ဝဲတစ်ခုက အကောင်းပြောမခံရပဲ ကဲ့ရဲ့ခံရတဲ့ အနေအထားမျိုးဆိုတာကတော့ မဖြစ်သင့်ဘူးပေါ့ အပြုသဘောဆောင် ဝေဖန်မှုမျိုးတွေပဲ တကယ်တန်းရှိသင့်ပါတယ်.. အဲတော့ ဆိုလိုချင်တာက ယုံကြည်စိတ်ချရမှု မရှိရလောက်ဖူးဆိုတဲ့ အနေအထားဆိုရင် မသုံးပါနဲ့ ယုံကြည်စွာအလုပ်လုပ်တာပဲ ကောင်းတယ်လို့ယူဆပါတယ်..

မိတ်ဆက်
Mr.Google က သင့်ကိုနွေးထွေးစွာကြိုဆိုပါတယ် :)

ရည်ရွယ်ချက်
Mr.Google ကိုဖန်တီးရခြင်းရည်ရွယ်ချက်ကတော့ မြန်မာပိုင် မြန်မာထုတ် application ကို မြန်မာသူငယ်ချင်းတွေ သုံးစေချင်တဲ့ဆန္ဒရယ်၊ Grouping mail တွေ Grouping message တွေကို live ပို့လို့ ရစေချင်တဲ့ဆန္ဒရယ်၊ gtalk မှာ မပါသေးတဲ့ autoreply ကို သုံးကြည့်စေချင်တာ ရယ် စတဲ့ ရည်ရွယ်ချက်လေးတွေနဲ့ ဖန်တီးလိုက်ပါတယ်..

ဖန်တီးခဲ့ပုံ အဆင့်ဆင့်
ဒီ Mr.Google လေးဖြစ်မြောက်ဖို့အတွက် ကျနော် ၂ ပတ်ခွဲလောက် အချိန်ယူခဲ့ရပါတယ်..
Mr.Google ကို ကျနော် ရေးတာ ဘာ Sponsor မှ မရှိပါဘူး.. မရလည်း မရပါဘူး.. ဘယ်မှလည်း အကူအညီမတောင်းပါဘူး.. ကျနော်နဲ့ ကျနော့် ညီ minnthakhin နှစ်ယောက်ပဲ တိုင်ပင်ပြီး ဖန်တီးခဲ့ကြခြင်းဖြစ်ပါတယ်..
Mr.Google ကို C# နဲ့ ရေးပါတယ်.. .Net framework 2.0 ကို အခြေခံပြီး visual studio 2005 နဲ့ ရေးခဲ့ပါတယ်..
Localization အတွက် မြန်မာဘာသာနဲ့ ရေးချင်ပေမယ့် တစ်ချို့ အင်္ဂလိပ်အသုံးအနှုံးတွေက မြန်မာလိုပြန်လိုက်ရင် စာလုံးရှည်သွားတာတို့ အဓိပ္ပါမယ် မတိကျတာတို့ သဘောထားကွဲလွဲနိုင်စရာများ ဖြစ်နိုင်တဲ့အတွက် မြန်မာ လို ရေးဖို့အစီအစဉ်ကို လက်လျှော့ခဲ့ရပါတယ်။နောက်ပိုင်း Version အသစ်ရေးနိုင်ခဲ့ရင်တော့ မြန်မာလိုရော တခြား Language တွေပါ ထည့်သွင်းနိုင်ဖို့ စဉ်းစားထားပါတယ်၊၊ မြန်မာလို ရိုက်နိုင်ဖို့အတွက်ကတော့ ZawGyi-One ကိုပဲ အသုံးပြုထားပါတယ်။

ဒီ application အတွက် Google Data APIs တွေကို ကျနော်သုံးပါတယ်.. Google က .Net developer များအတွက် Library file တွေ coding တစ်ချို့တွေကို တရားဝင် သုံးစွဲခွင့်ပေးထားပါတယ်.. ဒီမှာ လေ့လာကြည့်နိုင်ပါတယ်.
နောက်ပြီး Jabber , agsXMPP စတဲ့ protocol နဲ့ Library တွေကိုလည်း အသုံးပြုရပါတယ်..တစ်ချို့ကုဒ်တွေကို Example Program တွေက နေ ဖြစ်ကတ်ညှပ် လုပ်တာတွေလည်း ရှိပါတယ်.. လက်ရှိအနေအထားမှာ ဒီ app က File Transfer နဲ့ Voice ကို ထည့်မရေးထားပါဘူး.. ကျနော် အမြန် publish လုပ်ချင်တာလဲပါတယ်.. နောက်ပိုင်းမအားတော့ရင် ဒီ application ကို အဆုံးမသတ်ဖြစ်မှာစိုးလို့ ရသလောက်နဲ့ ဖြတ်လိုက်တဲ့သဘောပါ။..

ထူးခြားချက်နှင့် ကောင်းကျိုးများ
ထူးခြားချက်ကတော့ ကိုယ် အဝေးသွားနေလို့ပဲဖြစ်ဖြစ် တစ်ခုခု လုပ်နေကြောင်းကို autoreply message ထားခဲ့လို့ရပါတယ်.. အဲဒိမှာ တစ်ခုရှိတာက ကျနော် Myanmar IT Development ဆိုက်ရဲ့လင့်ကို ထည့်ထားပါတယ်.. နည်းပညာဆိုင်ရာတွေကို မသိသေးတဲ့လူတွေ ဖတ်စေသိစေချင်တဲ့အတွက် ထည့်ထားတာပါ ..

ဥပမာ ပုံစံ --> Mr.Google Autoreply : http://problemclean.ning.com : ကျနော်အဝေးတွင်ရောက်နေပါသည်။

မသိတဲ့လူတွေရဲ့အမြင်မှာ Virus ကိုက်နေပြီတို့ Spam လုပ်နေပြီးတို့ ပြောကြမှာကိုသိနေတဲ့အတွက် ကြိုပြောထားခြင်းဖြစ်ပါတယ်.။။ နောက်ထပ်ထူးခြားတာကတော့ Grouping mail ရော live message ရော နှစ်ခုလုံး ပို့လို့ရခြင်းပဲဖြစ်ပါတယ်.. နောက်တစ်ခုက jabber technology နဲ့ ရေးထားတဲ့ Gtalk နဲ့မတူတဲ့ gtalk လေးပါ Private ပြောချင်လည်း ပြောလို့ရအောင် ထည့်သွင်းဖန်တီးထားဖြစ်ပါတယ်.


ဆိုးကျိုးများနှင့် မပါဝင်မှုများ

ဆိုးကျိုးများဆိုတာကတော့ ရှင်းပါတယ်... သင့်အပေါ်ပဲ မူတည်ပါတယ်။.. ဒီ app ကို သုံးပြီး အဓိပ္ပါယ်မဲ့စွာနဲ့ ရှိသမျှ Contacts တွေကို လိုက်နှောက်ယှက်နေရင်တော့ သင့်ကို ဘလော့လုပ်သွားကြပါလိမ့်မယ်ဆိုတာကို သတိပြုပါ။
မပါဝင်မှုတွေကတော့ File Transfer , voice chat, video chat နဲ့ status ကို available ကလွဲလို့ ကျန်တာ လုပ်လို့မရခြင်းပါပဲ.. ဒီ app ကို လော့အင် ဝင်လိုက်တာနဲ့ သင်က တခြားသူငယ်ချင်းတွေဆီမှာ စိမ်းနေပါလိမ့်မယ်..
ဒါပေမယ့် သင့်ကို လာပြောသမျှကို textbox တစ်ခုထဲကနေဖတ်နိုင်တဲ့အတွက် Gtalk လို box တွေ အများကြီးနဲ့ ချက်စရာမလိုတော့ပါဘူး.. ချက်ချင်လည်းရပါတယ်..

Log in ဝင်ခြင်းနှင့် Contacts list ရယူခြင်း
ဒီကိစ္စကိုတော့ အမြင်ရှင်းစေချင်လို့ ထည့်ရေးပေးလိုက်တာပါ..

RequestSettings rs = new RequestSettings("exampleCo-exampleApp-1", "txtMail.text", "txtPass.text");
ContactsRequest cr = new ContactsRequest(rs);

အပေါ်မှာ ပြထားတဲ့ code တွေက နမူနာပါ google ကနေ တရားဝင်သုံးစွဲခွင့်ပေးထားတဲ့ Contacts list ရယူနိုင်တဲ့ code တွေဖြစ်ပါတယ်.. သင့်ပတ်စဝက်ကို ခိုးယူနိုင်ဖို့ အကြောင်းအချက်တွေ Coding ထဲမှာ မရှိပါဘူး.. ကျနော့်ရဲ့ စိတ်ဝင်စားမှုတွေမှာလည်း သင်တို့ရဲ့ ပတ်စဝက်တွေ မပါဝင်ဘူးဆိုတာ သိစေချင်ပါတယ်။

Install လုပ်ခြင်းနှင့် uninstall လုပ်ခြင်း
Installation
ဒေါင်းလုပ်လုပ်ပြီးတာနဲ့ rar ဖိုင်ကို ဖွင့်လိုက်ရင် အောက်က ပြထားသလိုပေါ်ပါမယ်


Mr.Google_Setup.msi ကို Double Click လိုက်ပါ


ပြီးရင် Install လုပ်မယ့် Location ကိုရွေးပါ


ပြီးရင် Next အစဉ်လိုက်နှိပ်သွားလိုက်ပါ.
UnInstallation
ပုံမှာပြထားသလိုပါပဲ Control panel >> Add or Remove Programs မှာ သွားပြီး Remove ဆိုတာကို နှိပ်လိုက်ရုံပါပဲ



နမူနာ Screen Shot များ



သုံးသပ်ချက်နှင့် စမ်းသပ်မှု
ကိုယ့်ပါကိုယ် သုံးသပ်ထားတာကတော့ ကျနော်တို့ ဖန်တီးမှုဟာ အသေးစားလေးလို့ ပဲ ထင်မိပြီး အားမရပါဘူး။
ကျနော်ကိုယ်တိုင်က developer လည်းမဟုတ်ပါဘူး သာမာန် ကျောင်းသားတစ်ယောက်ပဲဖြစ်နေတဲ့အတွက် တစ်ချိုု့ Logic ပိုင်းတွေမှာ တကယ့် Pro တွေလောက် မစဉ်းစားနိုင်သေးဘူးလို့ ယူဆပါတယ်..
စမ်းသပ်မှုတွေက တော့ ကျနော်တို့ ကိုယ်တိုင်ပဲ လုံလောက်တဲ့အနေအထားအထိ တော့ စမ်းသပ် သုံးစွဲကြည့်ပြီးပါပြီ။ သူငယ်ချင်းများ ၊ ဆရာသမားများ၊ ဂုရုကြီးများ အနေနဲ့လည်း စမ်းသပ်သုံးစွဲကြည့်ပြီး မမျှော်လင့်နိုင်တဲ့ Error တွေကို Comment အနေနဲ့ ပြန်ရေးပေးကြစေချင်ပါတယ်.. Interface ပိုင်းက လိုအပ်ချက်တွေကိုလည်း ထောက်ပြပေးစေချင်ပါတယ် ..

ကြမ်းကိုးစာရင်း
Google Data APIs
Jabber
agsXMPP
http://knowfree.net/
Codeproject
http://en.csharp-online.net/
etc...

မှတ်ချက်၊၊ ၊၊ငါ့အတွက် အကျိုးမရှိရင် ဘာမှ မလုပ်ဘူးကွ လို့ ခံယူထားတဲ့လူတွေကို ကျနော် တကယ်ပဲ ရွံ့မုန်းမိပါတယ် .. :)

လေးစားစွာဖြင့်

Who Am I? (Myanmar IT Development)

ဒီမှာ Download ယူပါ

Post a Comment

Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.