Notification texts go here. Buy Now!
Posts

ကွန်ပြူတာပုတီး (မြန်မာဗားရှင်း) :)

ကွန်ပြူတာပေါ်မှာ တရားစာဖတ်နေရင်းနဲ့ ပုတီးကိုင်ပြီး စိတ်စရာမလိုပဲ keyboard က Up / Down arrow keys လေးတွေ နှိပ်ရင်း ပုတီးစိတ်လို့ရတဲ့ program လေးတစ်ခုကို မြန်မာအိုင်တီဖွံ့ဖြိုးမှုဆိုက်မှ အသင်းဝင်များအားလုံးကို်ယ်စား ကျနော် မောင်ဟူးအမ်အိုင်(Who Am I?) မှဖန်တီးပြီး ဒီနေရာလေးမှာ လှူဒါန်းမျှဝေလိုက်ပါတယ်..
ဘာကြောင့်ကျနော် ဒါလေးကို ရေးဖြစ်သွားလဲဆိုတော့ .. ကျနော်ကိုယ်တိုင် မြန်မာနိုင်ငံရဲ့ အဝေးမှာနေပါတယ်.. ပုတီးတစ်ကုံးမှ ပါမသွားပါဘူး.. digital ပုတီးလည်း မရှိတဲ့အတွက် ဒါလေးကို ဖန်တီးလိုက်ရခြင်းဖြစ်ပါတယ်...(ဘုရားအဟောမှာ ပုတီးစိတ်ရမယ်လို့ မရှိပေမယ့်လည်း ကျနော် သံဗုဒ္ဓေ ဂါထာတော်ကိုတော့ အမြဲ ရွတ်လေ့ရွတ်ထရှိပါတယ်)..
အဲဒိ Program ကို ဖွင့်ဖို့ လိုအပ်တဲ့ .Net Framework 2.0 ကို ဒေါင်းလုဒ်လုပ်ပါ.. (မရှိသေးရင်) .. နမူနာ Screen shot လေး ပြထားပါတယ်..

ဥပမာထားပါတော့ဗျာ..သံဗုဒ္ဓေ အခေါက်၁၀ဝ ရွတ်ဖို့ရှိတယ်.. ဒီကနေ့အတွက် ၁ဝ ခေါက်.. နောက်နေ့မှ ကျန်တာဆက်ရွတ်မယ်ဆိုလည်း Save လုပ်ထားလို့ရပါတယ်..
နောက်နေ့မှ ပြုလုပ်ရန်(၁) >> မှတ်ထားတာကိုပြန်ခေါ်မည် ဆိုပြီး ယခင်က မှတ်ထားတဲ့အရေအတွက်ကို ပြန်ခေါ်လို့ရပါတယ်..
ခု တင်ပေးထားတဲ့ Counter.rar file ကိုတော့ ဖြည်ထားဖို့လိုပါမယ်.. ဒါမှ save တဲ့ data တွေက text file ထဲကို သွား save မှာဖြစ်ပါတယ်..
Counter.rar ကို ဖြည်လိုက်ရင် Counter.exe နဲ့ MyData.txt ဆိုပြီး ဖိုင်၂ခု တွေ့ရမှာဖြစ်ပါတယ်.. သူတို့ ၂ခု ကို ဖိုဒါတစ်ခုတည်းကနေ တကွဲတပြားစီ မရွှေ့အောင် သတိပြုပေးပါခင်များ..
တကယ်လို့ အိမ်မှာ ကွန်ပြူတာ သုံးတဲ့လူက ၂ယောက်ဖြစ်နေရင် သူကလည်းပဲ သုံးချင်တယ်ဆိုရင် သူ့အတွက် folder တစ်ခုနဲ့ သတ်သတ် ခွဲပြီး Copy လုပ်ပေးထားပြီး သုံးခွင့်ပေးလို့ရပါတယ်..

တစ်ခု သတိပေးလိုတာက အဲဒိထဲမှာ ပါတဲ့ MyData.txt ဆိုတဲ့ file လေးထဲက ဂဏန်း ၅လုံးအပြင် စာသားတွေကို သွားမပြင်မိဖို့ နဲ့ MyData.txt ဆိုတဲ့ file name ကို မပြောင်းမိဖို့ပါပဲ..

ပြင်လိုက်ရင် မိမိ save ထားတဲ့ data ပြန်ရမှာမဟုတ်တော့ပါဘူး..
အားလုံးကို မြန်မာလို ဖြစ်အောင် ZawGyi-One နဲ့ရေးထားတာဖြစ်တဲ့အတွက် မိမိစက်မှာ ဇော်ဂျီဖောင့်ရှိနေဖို့လိုအပ်ပြီး Message Box
တွေမှာပါမြန်မာလို မြင်နိုင်အောင်



Desktop >> Right Click >> Properties>> Appearance Tab

>> click the Advanced button

အဲဒိမှာ Item ဆိုတဲ့ Box လေးမှာရှိတဲ့

Active Title Bar,

Icon,

Inactive Title Bar,

Menu ,

Message Box ,

Palette Title ,

Selected Items ,

ToolTip

စတာတွေကို အကုန် ဇော်ဂျီဝမ်း ပြောင်းပေးထားဖို့တော့လိုပါမယ်..

ဘာပဲဖြစ်ဖြစ် အသုံးချတတ်တဲ့လူတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်မိတဲ့အတွက် လှူဒါန်းမျှဝေလိုက်ပါတယ်..

သတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေ...!!!


Download ယူရန်ဤနေရာကို နှိပ်ပါ


မူရင်းလင့် >> ဗုဒ္ဓဘာသာလူငယ်အသင်း

Post a Comment

Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.