Notification texts go here. Buy Now!
Posts

Online Radio စုစည်းမှု

မင်္ဂလာပါ ခင်များ
ဒီတစ်ခါ မြန်မာ့အိုင်တီလောကဖွံ့ဖြိုးမှုဆိုက်မှ ညီအကိုမောင်နှမများအတွက် အွန်လိုင်း ရေဒီယိုတွေ ကို တစ်စုတစ်စည်းတည်း ကြိုက်ရာရွေးနားထောင်လို့ရတဲ့ application လေး နဲ့ မိတ်ဆက်ပေးပါရစေ..
ဘာမှတော့ ထူးထူုးခြားခြားမဟုတ်ပါဘူး.. မြန်မာ အွန်လိုင်း ရေဒီယို တွေ ကျနော် ရှာဖွေထားမိသလောက် ၈ ခု နဲ့ မမီးမီး ကူရှာပေးတဲ့ နောက်တစ်ခု စုစုပေါင်း ၉ ခုကို စုစည်းပြီး application လေးတစ်ခုဖန်တီးလိုက်ခြင်းပါပဲ
ထပ်ပြီး ရှိနေသေးတဲ့ ရေဒီယိုတွေ သိရင်လည်း ပြောပြပေးကြပါ.. ကျနော် ထပ်ပေါင်းထည့်ပေးပါ့မယ်

လက်ရှိ နားထောင်လို့ရတဲ့ အွန်လိုင်း ရေဒီယို ၉ ခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်..

၁။ ဗုဒ္ဓ FM Radio
၂။ Just Music Radio(JMR)
၃။ အိမ်မက်လှိုင်း Radio(EML)
၄။ အဖြူရောင် သံစဉ် Radio(APYTZ)
၅။ Myanmar Youth Media Club Radio(MYMC)

၆။ Yet Another Myanmar Community Radio(YAMC)
၇။ 95.1 Street FM Radio
၈။ သံစဉ်လှိုင်း Radio
၉။ Australia Myanmar Youth Community

သက်ဆိုင်ရာ ရေဒီယို ဆိုက်များရဲ့ အွန်လိုင်း ရေဒီယို လင့်ကို ယူသုံးထားတာဖြစ်တဲ့ အတွက် သက်ဆိုင်ရာ ဆိုက်ပိုင်ရှင်များကိုတော့ ဒီကနေပဲ ခွင့်တောင်းလိုက်ပါတယ်.. ဆိုက်ပိုင်ရှင်များအနေနဲ့တော့ နားထောင်သူ ဦးရေ တိုးလာမှာ ဖြစ်တဲ့အတွက် ကျေနပ်ကြလိမ့်မယ်လို့တော့ ယူဆမိပါတယ်.. မကျေနပ်တာရှိရင်တော့ ကျနော့ကို တိုက်ရိုက် မေးလ်ပို့ပြီး ပြောပါ. ကျနော် ချက်ချင် ပြန်ဖြုတ်ပေးပါ့မယ်..

အသုံပြုပုံကို အောက်မှာ ပုံလေးများနဲ့ ပြထားပါတယ်..







အသုံးပြုရလွယ်အောင် မြန်မာဘာသာနဲ့ ရေးထားပါတယ်.. ဇော်ဂျီဝမ်း ရှိမှ မြန်မာစာလုံးတွေ မြင်ရမှာဖြစ်တဲ့အပြင် Message Box တွေမှာပါမြန်မာလို

မြင်နိုင်အောင်



Desktop >> Right Click >> Properties>> Appearance Tab

>> click the Advanced button

အဲဒိမှာ Item ဆိုတဲ့ Box လေးမှာရှိတဲ့

Active Title Bar,

Icon,

Inactive Title Bar,

Menu ,

Message Box ,

Palette Title ,

Selected Items ,

ToolTip

စတာတွေကို အကုန် ဇော်ဂျီဝမ်း ပြောင်းပေးထားဖို့တော့လိုပါမယ်..




နောက်ပြီး .Net Framework 2.0 ရှိမှ ဖွင့်လို့ရမှာ ဖြစ်ပါတယ်.. ဒါကြောင့်


.Net Framework 2.0 မတင်ထားတဲ့ စက်တွေ အတွက် ဒေါင်းလုဒ်လုပ်လို့ရအောင် လင့်ကို ဖော်ပြပေးလိုက်ပါတယ်..


ဒါက တိုက်ရိုက်ဒေါင်းလုဒ်လင့်


ဒါက official site




အားလုံးအတွက် အသုံးဝင်မယ်လို့ တော့ ထင်ပါတယ်..


လိုအပ်တာတွေ ရှိရင် ဝေဖန်ပေးကြပါ..


ကျနော်လည်း ဝေလင်းစိုး(MMITDEV Creator ကြီးဖြစ်သော Problemclean ကိုပြောတာပါ ) ပြောထားတဲ့ မြန်မာအိုင်တီအတွက် Chat Software လေး လုပ်နေတာ မပြီးသေးခင်မှာပဲ စိတ်က ဒီပိုစ့်က ဟာလေးကို အာရုံပြောင်းသွားတယ်.. အဲဒိ FriendBook သို့မဟုတ် ကိုခန့်သူမျိုးအေး အကြံပေးတဲ့ AddressBook ကို လုပ်နေတာက နေ အာရုံက ဘယ်လိုလုပ်ထပ်ပြောင်းပြီး ဒီဟာလေး လုပ်ဖြစ်သွားလဲ မသိပါဘူး .. စိတ်က ဂဏာ မငြိမ်တာ ပြောပါတယ် :D အဲဒိ AddressBook ကိုတော့ Dr.Ox က အကို ကျနော်လည်း ရေးကြည့်မယ်ဆိုပြီး ရေးနေလေရဲ့ သူပြီးရင်တော့ အရင် တင်ပေးပါလိမ့်မယ်.. ကျနော်ကတော့ ဖြည်းဖြည်းချင်းပဲ :D




အထူးပြောလိုတာကတော့ ရေဒီယို ဆိုက် တွေကို ဆိုက်တစ်ခုချင်းမှာ အကောင့်လုပ်ပြီး ရေဒီယိုလင့်ကို ယူသုံးဖို့ လိုက် ခွင့်မတောင်းလိုက်ရတဲ့ အတွက် ဒီပိုစ့်မှာပဲ ဆိုက်ပိုင်ရှင်တွေကို တခါတည်း ခွင့်တောင်းလိုက်ရတာကို ခွင့်လွှတ်ပေးကြဖို့ပါပဲ.. အသုံးပြုခွင့်မပေးဘူးဆိုရင် ချက်ချင်း ပြန်ဖြုတ်ပေးပါ့မယ်.. ရေဒီယို ဆိုက်တွေမှာ အသင်းဝင်ပြီးသား လူတွေ ရှိခဲ့ရင်လည်း ကျနော့ကိုယ်စား ဒီပို့စ်ကို ပေးဖတ်ပြီး ခွင့်တောင်းပေးကြပါလို့ တောင်းဆိုပါရစေ..




အသုံးပြုသူတွေ အတွက်ကတော့ ဒီ application လေးကို အောက်ချထားပြီး ကြိုက်တာ ရွေးနားထောင်လို့ရတဲ့အပြင် Browser မှာ Tab တစ်ခုဖွင့်ရ သက်သာတာပေါ့... နားထောင်ချင်တဲ့ ဆိုက်ကို သွားပြီး နားထောင်နေစရာမလိုတော့ဘူး.. သွားချင်ရင်လည်း ဒီ application မှာ ပါတဲ့ လင့်ကနေ တဆင့် သွားလည်း ရတယ်.. အဆင်ပြေတာပေါ့.. ဒီဇိုင်းကိုတော့ အစက တာယာပွကြီးကို အကူအညီတောင်းပြီး လုပ်မလို့ပဲ ဒါပေမယ့် ထည့်မနေတော့ပါဘူးလေ ဆိုပြီး windows media player ရဲ့ ဒီဇိုင်းကိုပဲ ယူသုံးလိုက်တာ.. နောက်ပြီး Player ကလည်း windows media player ရဲ့ dll (Dynamic Link Library) file တွေဖြစ်တဲ့ Interop.WMPLib.dll နဲ့ AxInterop.WMPLib.dll တွေ ကို ယူသုံးထားပါတယ်.. application ရဲ့ Source code တွေကိုတော့


C# Programmers Group မှာ ကျနော် အားတာနဲ့ တင်ပေးထားပါ့မယ်.. နားလည်တဲ့လူတွေ ပြင်ပြီး ဒီဇိုင်းအဆန်းလေးတွေ ပြန်လုပ်ချင်လည်း လုပ်လို့ရတာပေါ့.. ဒါပေမယ့် ကျနော့နာမည် နဲ့ မြန်မာအိုင်တီလောကဖွံ့ဖြိုးရေး ဆိုက်ကို တော့ Credit အနေနဲ့ ပြန်ထည့်ပေးပါ.. (GNU လိုင်စင် သဘောတရားပါပဲ)




ကဲဒီလောက်ပါပဲ.. ရေးချင်တာတွေကတော့ အများကြီးပဲ .. ဘာတွေဆက်ရေးရမှန်း မသိတော့လို့ .. နောက်ပြီး ပိုစ့်က လည်းရှည်နေပြီ.. ဖတ်ရတဲ့လူ ပျင်းနေမှာစိုးလို့ ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ် :D ကျနော်လည်း မိုးလင်းနေပြီဖြစ်တဲ့အတွက် အိပ်ပါပြီ :D


အားလုံး ပျော်ရွှင်ကြပါစေဗျား..




အောက်မှာ RadioPlayer(MMITDEV).rar ဆိုတာ ကို ဒေါင်းလုဒ်ရယူပါ.. အင်စတော လုပ်စရာမလိုပါဘူး.. အပေါ်က ပုံမှာ ပြထားသလိုပါပဲ..







Download here

2 comments

  1. အော် သူဘဲ သူဘဲ ဘယ်သူဘလော့လည်းလို့ ဝင်ဖတ်ကြည့်တာ
    ဂျက်ကီချမ်းကို ဟဟဟဟဟဟ



    ကောင်းသောနေ့လေးပါ
    အရာအားလုံးကံကောင်းကြပါစေ

    ညီကိုမောင်နှမလေးများအား
    ထာဝရလေးစားချစ်ခင်လျှက်
    Xman_နတ်လူမုန်း
  2. ဘယ်သူမှမသိတဲ့ ဘလော့ကို ရှာရှာဖွေဖွေ ရောက်လာနိုင်တဲ့အတွက် ကျေးဇူးပါ ကိုနတ်လူမုန်းရေ.. Ning.com တွေမှာပဲ တွေ့နေကျဆိုတော့ ဒီတခါ future ဆိုတာလည်း မှတ်ထားဦးမှပါပဲ :D
Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.