မင်္ဂလာပါ။ MMITD အသင်းဝင်းများကို ယခု မိတ်ဆက်ပေးချင်တာကတော့ အင်မတန် ပေါ့ပါးပြီး အသုံးတည့်စေမည့် အိပ်ဆောင် အဘိဓါန်(ခုခေတ်မှာတော့ အိပ်ဆောင်မဟုတ်တော့ပဲ Thumb drive/ Flash drive ထဲ ထည့်ဆောင် သွားနိုင်သော) Portable ကိုယ်ပိုင် အဘိဓါန်လေး တစ်ခုပါပဲ။ ဒီဟာလေး ရေးဖို့ ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းလေးတွေ ကို အနည်းငယ် တင်ပြလိုပါတယ်။ ပထမအချက်အနေနဲ့ ကျနော့်ကို မိုးလုံးပြည့်လျှံ ဆိုတဲ့ ညီလေး တစ်ယောက်က မေးလာပါတယ်,, သူ့ မိတ်ဆွေ ဂျပန်က လူတစ်ယောက်က သူစုစည်းထားတဲ့ ဂျပန် စာလုံးတွေကို ကိုယ်ပိုင် အဘိဓါန်လေး တစ်ခုလုပ်ပြီး သိမ်းချင်ပါတယ် လို့ ဆိုလာပါတယ်၊ အဲဒါနဲ့ ကျနော်လည်း UI ကိုတော့ ရေးပေးမယ် Data တွေတော့ ကိုယ့်ပါကို ထည့်ပြီး ပြည့်စုံသွားရင် ပြန်လည် မျှဝေ ပေးပါလို့ ပြောခဲ့ပါတယ်။ ပြီးတာနဲ့ ကျနော် UI စရေးပါတယ် ၊ အဲဒိအချိန် မှာ ဳ ဒီပိုစ့်လေးကို သွားဖတ်မိတယ် ၊ အဲဒါနဲ့ အင်စတော လုပ်ပြီး စမ်းကြည့်လိုက်တော့ ဘီတာ ဗားရှင်းဖြစ်တဲ့အတွက် အားနည်းချက်လေးတွေကို တွေ့ရတယ် ။ ဘာပဲဖြစ်ဖြစ် မြန်မာစာတိုးတက်မှုအတွက်တော့ ဂုဏ်ယူစရာပဲလေ။ အဲဒိထဲကမှ Database file ကိုကျနော် လေ့လာမိပြီး ပြန်လည်ပြင်ဆင်မှုလေးတွေ လုပ်နိုင်ခဲ့တယ်(Modifi...