အသုံးပြုရလွယ်အောင် မြန်မာဘာသာနဲ့ ရေးထားပါတယ်.. ဇော်ဂျီဝမ်း ရှိမှ မြန်မာစာလုံးတွေ မြင်ရမှာဖြစ်တဲ့အပြင် Message Box တွေမှာပါမြန်မာလို
မြင်နိုင်အောင်
Desktop >> Right Click >> Properties>> Appearance Tab
>> click the Advanced button
အဲဒိမှာ Item ဆိုတဲ့ Box လေးမှာရှိတဲ့
Active Title Bar,
Icon,
Inactive Title Bar,
Menu ,
Message Box ,
Palette Title ,
Selected Items ,
ToolTip
စတာတွေကို အကုန် ဇော်ဂျီဝမ်း ပြောင်းပေးထားဖို့တော့လိုပါမယ်..
နောက်ပြီး .Net Framework 2.0 ရှိမှ ဖွင့်လို့ရမှာ ဖြစ်ပါတယ်.. ဒါကြောင့်
.Net Framework 2.0 မတင်ထားတဲ့ စက်တွေ အတွက် ဒေါင်းလုဒ်လုပ်လို့ရအောင် လင့်ကို ဖော်ပြပေးလိုက်ပါတယ်..
အားလုံးအတွက် အသုံးဝင်မယ်လို့ တော့ ထင်ပါတယ်..
လိုအပ်တာတွေ ရှိရင် ဝေဖန်ပေးကြပါ..
ကျနော်လည်း ဝေလင်းစိုး(MMITDEV Creator ကြီးဖြစ်သော Problemclean ကိုပြောတာပါ ) ပြောထားတဲ့ မြန်မာအိုင်တီအတွက် Chat Software လေး လုပ်နေတာ မပြီးသေးခင်မှာပဲ စိတ်က ဒီပိုစ့်က ဟာလေးကို အာရုံပြောင်းသွားတယ်.. အဲဒိ FriendBook သို့မဟုတ် ကိုခန့်သူမျိုးအေး အကြံပေးတဲ့ AddressBook ကို လုပ်နေတာက နေ အာရုံက ဘယ်လိုလုပ်ထပ်ပြောင်းပြီး ဒီဟာလေး လုပ်ဖြစ်သွားလဲ မသိပါဘူး .. စိတ်က ဂဏာ မငြိမ်တာ ပြောပါတယ် :D အဲဒိ AddressBook ကိုတော့ Dr.Ox က အကို ကျနော်လည်း ရေးကြည့်မယ်ဆိုပြီး ရေးနေလေရဲ့ သူပြီးရင်တော့ အရင် တင်ပေးပါလိမ့်မယ်.. ကျနော်ကတော့ ဖြည်းဖြည်းချင်းပဲ :D
အထူးပြောလိုတာကတော့ ရေဒီယို ဆိုက် တွေကို ဆိုက်တစ်ခုချင်းမှာ အကောင့်လုပ်ပြီး ရေဒီယိုလင့်ကို ယူသုံးဖို့ လိုက် ခွင့်မတောင်းလိုက်ရတဲ့ အတွက် ဒီပိုစ့်မှာပဲ ဆိုက်ပိုင်ရှင်တွေကို တခါတည်း ခွင့်တောင်းလိုက်ရတာကို ခွင့်လွှတ်ပေးကြဖို့ပါပဲ.. အသုံးပြုခွင့်မပေးဘူးဆိုရင် ချက်ချင်း ပြန်ဖြုတ်ပေးပါ့မယ်.. ရေဒီယို ဆိုက်တွေမှာ အသင်းဝင်ပြီးသား လူတွေ ရှိခဲ့ရင်လည်း ကျနော့ကိုယ်စား ဒီပို့စ်ကို ပေးဖတ်ပြီး ခွင့်တောင်းပေးကြပါလို့ တောင်းဆိုပါရစေ..
အသုံးပြုသူတွေ အတွက်ကတော့ ဒီ application လေးကို အောက်ချထားပြီး ကြိုက်တာ ရွေးနားထောင်လို့ရတဲ့အပြင် Browser မှာ Tab တစ်ခုဖွင့်ရ သက်သာတာပေါ့... နားထောင်ချင်တဲ့ ဆိုက်ကို သွားပြီး နားထောင်နေစရာမလိုတော့ဘူး.. သွားချင်ရင်လည်း ဒီ application မှာ ပါတဲ့ လင့်ကနေ တဆင့် သွားလည်း ရတယ်.. အဆင်ပြေတာပေါ့.. ဒီဇိုင်းကိုတော့ အစက တာယာပွကြီးကို အကူအညီတောင်းပြီး လုပ်မလို့ပဲ ဒါပေမယ့် ထည့်မနေတော့ပါဘူးလေ ဆိုပြီး windows media player ရဲ့ ဒီဇိုင်းကိုပဲ ယူသုံးလိုက်တာ.. နောက်ပြီး Player ကလည်း windows media player ရဲ့ dll (Dynamic Link Library) file တွေဖြစ်တဲ့ Interop.WMPLib.dll နဲ့ AxInterop.WMPLib.dll တွေ ကို ယူသုံးထားပါတယ်.. application ရဲ့ Source code တွေကိုတော့
C# Programmers Group မှာ ကျနော် အားတာနဲ့ တင်ပေးထားပါ့မယ်.. နားလည်တဲ့လူတွေ ပြင်ပြီး ဒီဇိုင်းအဆန်းလေးတွေ ပြန်လုပ်ချင်လည်း လုပ်လို့ရတာပေါ့.. ဒါပေမယ့် ကျနော့နာမည် နဲ့ မြန်မာအိုင်တီလောကဖွံ့ဖြိုးရေး ဆိုက်ကို တော့ Credit အနေနဲ့ ပြန်ထည့်ပေးပါ.. (GNU လိုင်စင် သဘောတရားပါပဲ)
ကဲဒီလောက်ပါပဲ.. ရေးချင်တာတွေကတော့ အများကြီးပဲ .. ဘာတွေဆက်ရေးရမှန်း မသိတော့လို့ .. နောက်ပြီး ပိုစ့်က လည်းရှည်နေပြီ.. ဖတ်ရတဲ့လူ ပျင်းနေမှာစိုးလို့ ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ် :D ကျနော်လည်း မိုးလင်းနေပြီဖြစ်တဲ့အတွက် အိပ်ပါပြီ :D
အားလုံး ပျော်ရွှင်ကြပါစေဗျား..
အောက်မှာ RadioPlayer(MMITDEV).rar ဆိုတာ ကို ဒေါင်းလုဒ်ရယူပါ.. အင်စတော လုပ်စရာမလိုပါဘူး.. အပေါ်က ပုံမှာ ပြထားသလိုပါပဲ..