Notification texts go here. Buy Now!
Posts

ကိုကို.... ကျမကို ဒီည လာခိုးပါ...

အထက်ပါခေါင်းစဉ်ကြောင့် စာဖတ်သူ အနေဖြင့် အနည်းငယ် ဇဝေဇဝါ ဖြစ် သွားပေလိမ့်မည်.



ဥပမာအားဖြင့် အဲလို စာမျိုးကို ဒီတိုင်းကြီး ပို့လိုက်လို့ အိမ်က ဒယ်ဒီက အီးမေးလ် ပတ်စဝက်ကို သိလို့ ဝင်ကြည့်ရင် ကွဲပြီ... ခိုးဖို့ အထမြောက်တော့မှာ မဟုတ်ပါဘူး.. ကိုကိုနဲ့ လည်းဝေးရတော့မှာပါ.. ချစ်သောသူနှင့် ကွေကွင်းရသောဆင်းရဲ ၊ မချစ်မနှစ်သက်သောသူနှင့်အတူနေရသော ဆင်းရဲ .. စသည့် ဆင်းရဲခြင်းများကို ခါးစည်း ခံရဖို့ ပဲ ရှိပါတော့တယ်.. ( မြှောက်ပေးနေခြင်း မဟုတ်ပါ :D )



အဲဒိတော့ ကျနော်တို့ အိုင်တီသမားများ သိထားကြတဲ့အတိုင်း .. Information Security , Information Protection System စသည့် သတင်းလုံခြုံမှုများ ရှိစေဖို့အတွက် ကာကွယ်မှုများကို ပြုလုပ်နေကြတယ်ဆိုတာ အမှန်တကယ်ပဲ လိုအပ်ပါတယ်... အဲဒါကြောင့် Password တွေနဲ့ ကာကွယ်မှုတွေ ၊ EncryptionDecryption တွေ ပြုလုပ်ပြီး မိမိတို့ရဲ့ သတင်းအချက်အလက်များကို လုံခြုံအောင် မပေါက်ကြားအောင် ပြုလုပ်ကြရပါတယ်.. သတင်းလုံခြုံမှု ဆိုတာ အလွန်အရေးကြီးပါတယ်.. သာမာန်အခြေအနေမှာ ဘာမှ အရေးမကြီးဘူးလို့ ယူဆကြပေမယ့် တကယ်တန်း အရေးကြီးတဲ့ သတင်းတစ်စုံတစ်ရာ ပေါက်ကြားခဲ့ရင် မမျှော်လင့်နိုင်တဲ့ ဆုံးရှုံးမှုများနဲ့ ရင်ဆိုင်နိုင်ရဖွယ်ရှိပါတယ်..



ဥပမာ အားဖြင့် စစ်ပွဲတွေမှာ မိမိ သတင်းပေါက်ကြားတာနဲ့ သေဖို့က ၉ဝ ရာခိုင်နုန်း သေချာနေပါပြီ....မိမိတပ် တည်နေရာ၊ အင်အား၊ စသည်များကို ရန်သူက သိသွားတာနဲ့ ရန်သူအတွက် ပါးစပ်ထဲ ခွံ့မကျွေးရုံတမယ် ထမင်းပွဲလေး ပြင်ဆင်ပေးလိုက်သလိုပါပဲ ..



ဒါကြောင့် ကျနော်တို့ မြန်မာအိုင်တီ အဖွဲ့သူအဖွဲ့သားများအတွက် Cipher (စာ ကို ဝှက်၍ ရေးခြင်း) ကို လုပ်ဆောင်နိုင်တဲ့ application လေးတစ်ခုကို ဖန်တီးပေးလိုက်ပါတယ်..

Cipher နဲ့ ပတ်သတ်လို့ Cryptography ကိုလေ့လာဖူးသူများ သိကြပါလိမ့်မယ်..
တကယ်တော့ (Cipher )ဝှက်စာဆိုတာ ရိုးရိုးသာမာန်ရေးသားခြင်းမျိုးမဟုတ်ပဲ စာကို ပုံစံပြောင်းပြီး ရေသားခြင်းဖြစ်ပါတယ်.. မူရင်းအဓိပ္ပါယ်ကို မပေါ်လွင်စေပဲ အခြားအဓိပ္ပါယ် အကြောင်းအရာတစ်ခု အဖြစ် ပုံစံပြောင်းလိုက်ခြင်းပါပဲ.. အဲလိုလုပ်လိုက်ခြင်းအားဖြင့် သာမန်လူ မသိနိုင်တော့တဲ့အတွက် သတင်းလုံခြုံမှုကို အတိုင်းအတာ တစ်ခုအထိ တည်ဆောက်နိုင်ပါတယ်.. ဒီလို Secret Message တွေကို Cipher text တွေအနေနဲ့ ဝှက်ပြီး ပို့တာတွေက Julius Caesar ( ဂျူလိယက် ဆီဇာ )တို့ လက်ထက်ကတည်းက ရောမနိုင်ငံတွေမှာ ပေါ်ပေါက်နေပါပြီ... ဆီဇာကိုယ်တိုင် ထွင်ထားတဲ့ Caesar cipher ဆိုတာတောင်ရှိပါတယ်.. သူ့ဟာလေးကို wiki မှာပဲ ဖတ်ကြည့်လိုက်ပါ.. ဒီမှာ ရှင်းမပြတော့ပါဘူး..

သော့ဂလောက် တစ်ခုကို ခတ်ပြီးရင် ဖွင့်ဖို့အတွက် သော့ ဆိုတာ လိုပါတယ်.. အဲလိုပဲ Cipher မှာလည်း key လို့ခေါ်တဲ့ ဝှက်စာကိုပြန်ဖော်နိုင်တဲ့ keyword လေးတွေ လိုပါတယ်.. ဝှက်စာကို ဝှက်ပြီး ဖော်နည်း သိရင်တောင်မှ key မသိရင် ဖော်လို့မရပါဘူး.. အဲဒါကြောင့် ဝှက်စာ တစ်ခုမှာ key က တော်တော်လေး အဓိက ကျတဲ့ အခန်းကဏ္ဍ မှာ ပါဝင်နေပါတယ်... ကျနော် ရိုးရိုးစာကြောင်းတစ်ခုကို ဥပမာ ဝှက်ပြပါမယ်...



ဒီကနေ့ည စာကလေးတွေကို ဆန်ကွဲတွေရအောင်မကျွေးရင် မေမေကပြန်လာပြီးဆူ့ပါလိမ့်မယ်။



အပေါ်ကစာကြောင်းလေး က ဝှက်ပြီးရေးထားတာပါ.. ဒီတိုင်းဖတ်ရင် ဘာမှန်းလဲမသိဘူး.. စာကလေးတွေကို ဆန်ကွဲမကျွေးတာနဲ့ မေမေက ဘာလို့ဆူမှာလဲ... အဓိပ္ပါယ်ကို သိရအောင် အစ စာလုံး " ဒီ "ကနေ သုံးလုံးကျော်ပြီး ဖတ်ကြည့်လိုက်ပါ.. key ကတော့ သုံးလုံးကျော် ပေါ့.. . အဖြေကတော့ သိလောက်ပါပြီ..

0 _ _ _ 0 _ _ _ 0 _ _ _ 0 _ _ _ 0 _ _ _ .....

အပေါ်ကပုံစံအတိုင်း ရေးထားတာပါ...
... ဒါက သီအိုရီတွေ ထဲက ဥပမာ တစ်ခုပေါ့... အဲလိုမျိုး Cipher ကို တီထွင်ခဲ့တဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ သီအိုရီတွေ အင်တာနက်မှာ တစ်ပုံကြီးပါ.. လေ့လာလို့ မကုန်နိုင်ပါဘူး....

နောက်တစ်ခု စမ်းကြည့်ပါ...

မနေ့က ကျန်းကျွံ သွားသဖြင့် လမ်းမလျှောက်နိုင်ပါ စိုးရိမ်ကြောင့်ကြနေသဖြင့် အစာမာမာများလည်း မစားနိုင်ပါ ထို့ကြောင့် စေတနာဖြင့်ကူညီကြပါ ။

အဲဒိမှာဆို Key = ၄ ၊ ၂၃ ၊ ၁ရ ၊ ၃ဝ ၊ ၃၃
အဲတော့ စာကြောင်းက စာလုံးလေးတွေကို ရေကြည့်လိုက်ပါ အဲဒိ နံပါတ်မှာ ကျတဲ့ ဂဏန်းက အဖြေပေါ့
ဖြေကြည့်ကြပါ... :)

ဒါတွေက ကွန်ပြူတာ မရှိသေးတဲ့ အချိန်တွေတုန်းက ဒီလိုတွေ ဝှက်ပါတယ်.. အမျိုးမျိုး ဝှက်လို့ရပါတယ်.. အဓိက က ဝှက်တဲ့လူနဲ့ ဖော်တဲ့လူ ၂ ယောက်တည်း သိဖို့ပါပဲ.. တစ်ချို့ စစ်မြေပြင်တွေမှာလည်း ဒီလိုလေးတွေ ဝှက်ကြပါတယ်... ခုလို ခေတ်မှီလာပြီး တိုးတက်နေတဲ့ IT ခေတ်ကြီးမှာတော့ Encryption (ရိုးရိုးစာကိ ု လုံခြုံရေးအရ key code များထည့်သွင်းပြီး ဝှက်စာပြုလုပ်ခြင်း) နှင့် Decryption (ဝှက်စာကို ရိုးရိုးစာအဖြစ် ပြန်ဖော်ခြင်း) တို့ကို ကွန်ပြူတာနဲ့လုပ်ဆောင်နေကြပါပြီ...

အခု ကျနော် ဖန်တီးပေးလိုက်တဲ့ application လေးကိုလည်း ဘယ်လိုလုပ်ဆောင်လို့ရလဲဆိုတာကို ရှင်းပြပါ့မယ်..


အခု ကျနော် အပေါ်က ပုံမှာပြထားသလို ကိုကိုဒီနေ့ည၉နာရီ လာခိုးပါ ကို key I (အိုင်) နဲ့ ဝှက်မည် ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး အရင် ဝှက်လိုက်ပါတယ်.. အောက်က text box အညိုလေး က ဝှက်ပြီးသားပါ.. ဘာစာလုံးတွေမှန်းမသိတာ ရပါလိမ့်မယ်.. အဲဒီ ရလာတဲ့ စာကို Select လုပ်ပြီး Ctrl + C ( copy) ပြီး အပေါ်က text box မှာ ပြန်ထည့်ပါ Ctrl + V (Paste).. ပြီးရင် အောက်က ပုံထဲကလို


key ကို HATE လို့ ထားပြီး ထပ် ဝှက်လိုက်ပါမယ်... ဘာတွေမှန်းမသိတဲ့ Character တွေ ထွက်လာပါလိမ့်မယ်..
အဲဒါကို ထပ် Copy ပြီး အပေါ်မှာ ပြန်ထည့်... ပြီးရင် အောက်ကပုံအတိုင်း key ကို YOU လို့ ထားပြီး
ဝှက်လိုက်ပါမယ်..


နောက်ဆုံးရလာတဲ့ ဘာမှန်းမသိတဲ့ ቨንኗቨንኗቺኖቲʈ኱ቼኔኃኖʈኄኔቩንኗአችና ဒီစာတွေကို အီးမေးနဲ့ ဖြစ်ဖြစ် attach လုပ်ပြီးပဲ ဖြစ်ဖြစ် ပို့လိုက်ပေါ့... နောက်မှ key ကို တခြားနည်းနဲ့ I HATE YOU ဆိုပြီး ပြောလိုက်ပေါ့... ဖေဖေကလည်း ငါ့သမီးလေး ဒီကောင်နဲ့ ပြတ်လောက်ပါပြီပေါ့..
ဒါဆို ကိုကိုလုပ်တဲ့လူက ပြောင်းပြန် ပြန်ပြီး ဖော်ရပါမယ်.. အရင်ဆုံး လက်ခံ ရှိတဲ့ စာကြောင်းကို ထည့် YOU နဲ့ တစ်ခါ ဖော် ... ရလာတဲ့ စာကြောင်းကို HATE နဲ့ တစ်ခါဖော်.. ထပ်ရလာတဲ့ စာကြောင်းကို I (အိုင်) နဲ့ တစ်ခါဖော်... ဒါဆို ကိုကိုလုပ်တဲ့လူ ဒီညအတွက် ကြိုတင်ပြင်ဆင်လို့ရပြီးပေါ့... သဘောပြောပါတယ်.. :) ...

application ကိုတော့ အကျိုးရှိသလို အသုံးပြုနိုင်ပါတယ်. လည်ရင် လည်သလိုပေါ့.. ကျနော်က နမူနာ ၃ ခေါက်ပဲ ဝှက်ပြတာ... ကိုယ်တိုင်ကတော့ စိတ်ကြိုက် လုပ်ချင်သလိုလုပ်ပေါ့ .. ကျနော်ပြောသလို key ကို
" I HATE YOU " ပဲ လုပ်မနေကြနဲ့ဦးနော် :D
System Requirements
1. Any CPU ,RAM , HDD, VGA
2. Windows XP and above
3. .NET Framework 2.0 and above


ကဲ .. ဒီတော့ကာ....

အားလုံး ပျော်ရွှင်ကြပါစေ...

Who Am I?
(Myanmar IT Development)

Download ရယူပါ...။

1 comment

  1. ဒီစာလေးဖတ်တုန်းကြုံခဲ့တာလေးစာရေးထားတယ်.....
Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.