ကျနော် ဒီပို့စ်ကို မရေးခင်မှာ ဦးစွာပြောချင်တာကတော့ ဒီ Program လေးဖြစ်လာရတဲ့ ဇစ်မြစ်လေးပါ..
ဘယ်ကစလဲဆိုတော့ မနေ့က
တာယာပွကြီး(
ရွှေကျွန်းသား) က ကျနော့ကို ပြောပါတယ်.. ( အကို.. ကျနော့အင်တာနက်ဆိုင်မှာ User တွေနဲ့ ပြဿနာတတ်တယ်တဲ့ အဲဒါ Gmail အကောင့်တွေ ပြန်ရှာလို့မရအောင် လုပ်တဲ့ Program လေး ရေးကြည့်ပေးပါ ဆိုပြီး ) အကြောင်းအရင်းကတော့ အဲဒိကစတာပါပဲ... တစ်ချို့ အင်တာနက်ဆိုင်တွေက Password Recovery Software တွေ သုံးကြတော့ User တွေ အနေနဲ့ ကျီးလန့်စာ စားသလို အင်တာနက်ဆိုင်မှာသာ သုံးနေရတယ် မယုံသင်္ကာ ဖြစ်ဖြစ်နေရတယ်... အဲဒါကြီးက အရိုးစွဲသလို ဖြစ်သွားတော့ အကောင့် အခိုးခံရတာတို့ ဘာတို့ တစ်ခုခုဖြစ်လာရင် Password Recovery မသုံးတဲ့ ဆိုင်တွေကိုပါ မယုံသင်္ကာဖြစ်လာကြရော... တစ်ချို့ကျတော့လည်း User အချင်းချင်းပဲ Password ခိုးပြီး သူများကိစ္စ ကိုယ့်ကိစ္စ စပ်စုတဲ့လူတွေက လည်း ရှိနေတော့ အင်တာနက်ဆိုင်နဲ့ သုံးတဲ့လူတွေကြား ပြဿနာလေးတွေ တိုးလာတာတွေရှိပါတယ်... အဲဒါလေးတွေကို တွေးမိပြီး ကျနော် ဒီ Program လေးကို ရေးဖြစ်သွားပါတယ်...
ဘာမှတော့ မဟုတ်ပါဘူး... .exe file အမျိုးအစားလေးပါ.. install လုပ်စရာမလိုပါဘူး... Portable ဖြစ်ပြီး Flash Drive လေးနဲ့ သွားလေရာ ထည့်သွားလို့ရပါတယ်... size ကလည်း rar နဲ့ဆို 6 KB ဖြည်လိုက်ရင် 28 KB ပဲ ရှိပါတယ်... လောလောဆယ်မှာ Gmail Password Recovery ဆိုတဲ့ Software ရဲ့ ရန်ကစိတ်ပူစရာမလိုအောင် ရေးထားပါတယ်.. နောက်ပိုင်း Key Logger တွေရဲ့ ရန်ကပါ လွတ်အောင် ရေးဖို့ စဉ်းစားနေပါတယ်..
.NET framework 2.0 ရှိတဲ့စက်မှာပဲ အလုပ်လုပ်ပါတယ်..
လုပ်ဆောင်တဲ့ အလုပ်ကတော့ Registry ထဲက HKEY_CURRENT_USER\Software\Google\Google Talk\Accounts ထဲမှာရှိတဲ့ subkey တွေကို အလွယ်တကူ Delete လုပ်ပေးတဲ့ Program ပါ..
Run ကနေ regedit ဆိုပြီးရိုက်ပြီးမှ key တွေ ကို ခက်ခက်ခဲခဲ ရှာပြီး သွားဖျက်နေစရာမလိုတော့ပါဘူး.. အချိန်ကုန်သက်သာတာပေါ့ ... :) အင်တာနက်ဆိုင်သွားသုံးတော့မယ်ဆိုရင် Gtalk လေး ပြောပြီးတာနဲ့ ဒီဟာလေးကို run ပြီး ကိုယ့်အကောင့်လေးကို ဖျက်လိုက်ရုံပါပဲ.... အားလုံးကို ဖျက်ပေးလည်း ရတယ်... အသုံးပြုရလွယ်အောင် မြန်မာဘာသာနဲ့ ရေးထားပါတယ်.. ဇောဂျီဝမ်း ရှိမှ မြန်မာစာလုံးတွေ မြင်ရမှာဖြစ်တဲ့အပြင် Message Box တွေမှာပါမြန်မာလို မြင်နိုင်အောင်
Desktop >> Right Click >> Properties>> Appearance Tab >> click the Advanced button
အဲဒိမှာ Item ဆိုတဲ့ Box လေးမှာရှိတဲ့
Active Title Bar,
Icon,
Inactive Title Bar,
Menu ,
Message Box ,
Palette Title ,
elected Items ,
ToolTip
စတာတွေကို အကုန် ဇော်ဂျီဝမ်း ပြောင်းပေးထားဖို့တော့လိုပါမယ်..
နမူနာ Screen shot လေးပါ..
အားလုံး နားလည်မှုတွေ ပြန်လည်တည်ဆောက်နိုင်ကြပါစေ..
လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေဗျာ....
ဟိုး.. အောက်မှာ Download လုပ်ပါ... :)
အရင်က ဒီလိုမျိုးလေးပါပဲ Registry နဲ့ ပတ်သက်လို့ Windows ကို ကလိတဲ့ Program လေးလည်း ရှိပါသေးတယ်.. ဝါသနာပါရင် ဒီနေရာမှာ သွားရောက်ဖတ်ရှုပြီး စမ်းသပ်နိုင်ပါတယ်..
Virus ကလေးတွေနဲ့ ကခုန်ချင်သူများကတော့ ဒီနေရာမှာ Virus တွေလို အလုပ်လုပ်တဲ့ Program လေးတစ်ခု Education purpose အနေနဲ့ ရေးထားဖူးပါတယ်.. (ကလိချင်သူများအတွက်သာ)ဒီမှာ Download ယူပါ