Notification texts go here. Buy Now!
Posts

ဦးဇင်း ဦးကောဝိဒ ၏ မွန်မြတ်လှသော ပညာဒါန

ကျွန်တော့် အစ်ကိုကြီး နှစ်ယောက် (လူတော့ အရှင်လတ်လတ် မမြင်ဘူးသေးတဲ့) ဆရာ့ဆရာကြီး နှစ်ဦးရဲကွန်ပြူတာ ဖန်သားပြင် ထက်မှာတွေ့နေရပါပြီ။ကိုရန်အောင်,ကိုမောင်လှ, တို့ရဲ့စာမျက်နှာမှာ တွေ့နေရတဲ့ စာသားလေးကို ကိုရန်အောင်ဆီကနေ ပြန်လည် ကူးချ တင်ပြလိုက်သည်။ မင်္ဂလာပါ ဒါယကာ

ဦးဇင်းစာရေးလိုက်ပါတယ်။ ဒါယကာရဲ့ဘလော့မှာပိုစ့်အဖြစ်တင်ပေးစေချင်တာပါ။ အဲဒါကတော့ဦးဇင်းအခုစစ်ကိုင်းတောင်မှာ သင်တန်းတိုးချဲ့ ဖွင့်လှစ်ဖို့ ကိစ္စ အတွက် အခက်အခဲတွေ အဆင်ပြေစေချင်လို့ ပါဒါယကာ။

စစ်ကိုင်းသင်တန်းအတွက် အခုသင်တန်းမှာ လူတွေပါ အခမဲ့သင်ကြားပေးဖို့စီစဉ်နေပါတယ်။ ၂၁.၁၂၀၀၉ ရက်နေ့ကို သင်တန်းဖွင့်ဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့သင်တန်းမှာက လျှောက်လွှာခေါ်ယူကြည့့်လိုက်တော့ လာရောက် လျှောက်ထားသူက ၅ဝ ကျော်နေပါတယ်။ ဦးဇင်းလျှောက်လွှာတွေကိုပိတ်လိုက်ရပါတယ်။ စက်အင်အားက ၆ လုံးပဲရှိတော့ စက်အင်အားကနည်းတယ်လေ။ မီးစက်ကလည်းအခုအချိန်အထိအလှူရှင်မပေါ်သေးတော့ ဦးဇင်းတော်တော် ခက်ခဲနေပါတယ်။



ဒါယကာအနေနဲ့ ဘလော့တွေမှာ မီးစက်အလှူရှင်နှင့် ကွန်ပျူတာ အလှူရှင်များရှိပါကဆက်သွယ်နိုင်အောင် ရေးသားပေးစေလိုပါတယ်။ ဓါတ်ပုံတွေလိုအပ်ရင်တော့ဦးဇင်းရဲ့ ဘလော့ www.kovida.multiply.com ကနေ ယူသုံးနိုင်ပါတယ်ဒါယကာ...

ဒါယကာစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်း အပေါင်းတို့နှင့်ပြည့်စုံ ၍ပညာပါရမီဖြည့်ဆည်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သ လိုက်ပါတယ်။

အဲဒီ့စာလေးကို ရပြီးတော့ ကျွန်တော် ဘလော့ဂ်တစ်ချို့ လိုက်ကြည့်ဖြစ်တယ်. ဦးဇင်းကို တတ်နိုင်သလောက် ကူညီရေးသားပေးထားကြတာလေးတွေ တွေ့ရတော့ ဝမ်းသာကြည်နူးမိပါတယ်. အဲဒီ့ထဲကမှ ပြည့်ပြည့်စုံစုံ ရေးသားဖြန့်ဝေပေးထားတဲ့ ကိုပီကေရဲ့ ပို့စ်လေးကိုလည်း ပြန်လည်ဝေမျှပေးလိုက်ပါတယ် ခင်ဗျာ. အားလုံးပဲ ပညာဒါဖြည့်စွမ်းနိုင်ကြပါစေ...

ဦးဇင်း ဦးကောဝိဒဟာ မြန်မာနိုင်ငံရဲ့ သာသနာအထွန်းကားဆုံး မြို့တစ်မြို့ဖြစ်တဲ့ စစ်ကိုင်းမြို့မှာ သီတင်းသုံးပါတယ်။ စစ်ကိုင်းမြို့ဟာ ဆိုရင် မြန်မာနိုင်ငံမှာ သာသနာ အနွယ်ဝင် သံဃာတော် အများဆုံး သီတင်းသုံးတဲ့ မြို့တစ်မြို့ ဆိုတာလည်း လူတိုင်း သိမှာပါ။ စစ်ကိုင်းမြို့မှာ ဆိုရင် သံဃာတော်၊ သီလရှင်တွေ အတွက် ပရိယတ်အဖြစ် ဗုဒ္ဓစာပေ သင်ကြားရာ တက္ကသိုလ်၊ စာသင်ကျောင်းတွေ အများဆုံး ရှိတဲ့ မြို့တစ်မြို့ ဖြစ်သလိုပဲ ပဋိပတ်အဖြစ် ဝိပဿနာတရား အားထုတ်ရာ ရိပ်သာ၊ တရားစခန်း အများဆုံး ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓစာပေ အဓိက ဖြန့်ချီရာ ဒေသလည်း ဖြစ်တဲ့ စစ်ကိုင်းမြို့ကို အနယ်နယ် အရပ်က သံဃာတော်တွေ အနေနဲ့ လက်လွတ်မခံဘဲ လာရောက် ဆည်းပူးကြရပါတယ်။ ဒါကြောင့်လည်း သာသနာနွယ်ဝင် အများစု မှီတင်းရာ ဒေသအဖြစ် စစ်ကိုင်းမြို့ဟာ ကမ႓ာမှာ ထင်ရှားတာ လူတိုင်း သိပြီးသားပါ။

၂၁ ရာစုမှာ လူသားအဖြစ်နဲ့ အသက်ရှင်တဲ့ လူတွေအတွက် ကွန်ပြူတာ၊ အင်တာနက် ဆိုတာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလို မရှိမဖြစ် ဖြစ်နေပါပြီ။ သံဃာတော်တွေ အတွက်လည်း ချွင်းချက် မဟုတ်ပါဘူး။ သာသနာ ပြန့်ပွားဖို့ ကြိုးပမ်းတဲ့ အခါမှာ ဟိုး ခေတ်ဦးပိုင်းက သံဃာတော်တွေ သက်ဆိုင်ရာ ဒေသ တစ်ခုကို ကိုယ်တိုင်​ ကြွရောက်ပြီး သာသနာပြုရပါတယ်။ ဒီထက် လမ်းပမ်းဆက်သွယ်ရေး ကောင်းလာတဲ့အခါမှာ စာပေတွေ ရေးသား ဖြန့်ဝေပြီး သာသနာပြုပါတယ်။ နည်းပညာ တိုးတက်လာတော့ လေလှိုင်းပေါ်ကနေ ဂြိုလ်တု၊ တီဗီ၊ ရေဒီယို ကတဆင့် တရားတော်တွေ ထုတ်လွှင့်ပြီး သာသနာ ပြုနိုင်ခဲ့တယ်။ အခု အင်တာနက် ခေတ် ရောက်လာတော့ နိုင်ငံတကာမှာ ရှိတဲ့ သံဃာတော်တွေ သာသနာတော် ပြန့်ပွားဖို့၊ တည်တန့်ဖို့ အွန်လိုင်းကို အသုံးချပြီး လုပ်ဆောင်နေကြတဲ့ အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ အတော်လေးကို အားနည်းနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ သံဃာတော်တွေ အနေနဲ့ အင်တာနက်နဲ့ အထိအတွေ့ မပြောပါနဲ့ ကွန်ပြူတာကို ထိတွေ့ဖို့ဆိုတာတောင် အတော်လေး ခက်နေပါသေးတယ်။ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန် မန္တလေးမှာတောင် ခက်ခဲနေတာပါ။ စစ်ကိုင်းမြို့ဆိုရင်တော့ တွေးကြည့်စရာတောင် မလိုတော့ပါဘူး။

အဲဒီ ခေတ်ရဲ့ ရေစီးနဲ့ အခက်အခဲကို သိတဲ့အပြင် ကူညီဖြေရှင်းဖို့ တတ်နိုင်တဲ့ဘက်က ကြိုးစား အားထုတ်နေသူကတော့ ဦးဇင်း ဦးကောဝိဒပါ။ ဦးဇင်းက စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့မှာ တစ်လှည့်စီ ကွန်ပြူတာပညာရပ်တွေကို သူ တတ်သလောက် ပညာဒါနအနေနဲ့ ဖြန့်ဝေပေးနေတာပါ။ မန္တလေးမြို့ရဲ့ စေတနာအလှူရှင်ကြောင့် ဦးဇင်းအနေနဲ့ အွန်လိုင်း သင်ကြားခွင့်ရခဲ့ပါတယ်။ မန်းက အင်တာနက် ကဖေးတစ်ဆိုင်က ဦးဇင်းကို သင်ကြားဖို့ လှူဒါန်းတာကြောင့် မန်းက သံဃာတော်တချို့ကို ပညာဒါနအနေနဲ့ အင်တာနက်သင်တန်းအဖြစ် ဖွင့်လှစ် ပေးနိုင်ခဲ့ပါတယ်။ နောက်ပြီး စစ်ကိုင်းမြို့မှာလည်း သင်တန်းခန်းမတစ်ဆောင် အနေနဲ့ သီးသန့် လုပ်ထားပြီး ကွန်ပြူတာအကြောင်းကို သင်တန်းအနေနဲ့ သံဃာတော်တွေအတွက် ပညာဒါန ဝေမျှ ပေးနိုင်ခဲ့ပါတယ်။ အဲဒီ သင်တန်းခန်းမရဲ့ ကြမ်းပြင်ကိုလည်း ညီလင်းဆက်ရဲ့ အကူအညီနဲ့ နိုင်ငံခြားမှ လှူဒါန်းငွေကြောင့် မကြာခင်က ကြမ်းခင်းထားပါပြီ။ သင်တန်းမှာ ကွန်ပြူတာ (၆) လုံးပဲ ရှိပါတယ်။ အဲဒီ ကွန်ပြူတာခြောက်လုံး နဲ့ပဲ အခု သင်တန်းသစ်တစ်ခု စတင်ဖို့ ကြံဆောင်နေတယ်လို့ ဦးဇင်းက မိန့်ပါတယ်။

သင်တန်းသစ်စမယ်လို့ သတင်းရတာနဲ့ စစ်ကိုင်းမြို့မှာ ရှိတဲ့ ကွန်ပြူတာ နည်းပညာ ငတ်မွတ်သူ၊ အင်တာနက် ငတ်မွတ်သူတွေ ဝိုင်းပြီး စာရင်း ပေးလိုက်တာ ကြေငြာပြီး မကြာခင်မှာပဲ လျှောက်လွှာတင်သူ ၅ဝ ကျော်သွားလို့ ရပ်ဆိုင်းထားရပါတယ်။ ရပ်ဆိုင်းထားဆို ကွန်ပြူတာက (၆) လုံးတည်း ရှိတာဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါတဲ့ ဦးဇင်းရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်။ နောက်ပြီး စစ်ကိုင်းမြို့အနေနဲ့ လျှပ်စစ်မီး ကောင်းကောင်းရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လျှပ်စစ်မီး အချိန်များများ ရဖို့တောင် ဆုတောင်းဖို့ မလွယ်ပါ။ ဒါကြောင့် ကွန်ပြူတာရဲ့ အသက်ဖြစ်တဲ့ လျှပ်စစ်မီးက ရှိဖို့ အရေးကြီးနေပြန်ပါတယ်။ ဒါကြောင့် ဦးဇင်းအနေနဲ့လည်း မီးစက်ဝယ်ဖို့ စိုင်းပြင်းနေရပြန်တယ်။ ပညာဒါန အလှူလုပ်ဖို့ သင်ကြားတယ်ဆိုတော့ ပစ္စည်းပစ္စယ ဝယ်ဖို့ ငွေကြေးဆိုတာ အလှူရှင်ကိုပဲ အဓိက တည်မှီနေရတော့မှာပါ။ ဦးဇင်းကို မေးကြည့်တော့ မီးစက်ဝယ်ဖို့ ကျပ်ငွေ (၁၇) သိန်း လောက် လျာထားရမယ်လို့ မိန့်ပါတယ်။ နောက်ပြီး သင်တန်း အရှိန်ရဖို့ ကွန်ပြူတာ အလုံးရေ များဖို့ကလည်း အရေးကြီးပြန်တော့ ကွန်ပြူတာအလှူရှင်ကလည်း လိုအပ်နေပြန်ပါတယ်။

ဒီအခက်အခဲတွေ ကြားက ဘာကိုမှ မမှုဘဲ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို အကောင်အထည် ပေါ်ဖို့ပဲ အမြဲ ကြိုးစားနေတဲ့ ဦးဇင်းရဲ့ စိတ်ဓါတ်နဲ့ ဇွဲကို ကျနော် မလေးစားဘဲ မနေနိုင်ပါဘူး။ အားကျတယ်လို့လည်း ပြောလို့ရတယ်။ ဒါကြောင့် ဦးဇင်းရဲ့ ပညာဒါန သင်တန်းတွေ အမြဲ အဓွန့်ရှည် တည်တန့်စေနိုင်ဖို့ အလှူရှင်တွေ လိုအပ်နေတာ အမှန်ပါ။ ပြည်တွင်းမှာ ရှိတဲ့ သာမာန် ဝန်ထမ်းတစ်ယောက် အနေနဲ့ ငွေ တစ်သောင်း လှူဖို့ဆိုတာ အခက်အခဲ ရှိပေမယ့် ပြည်ပ ရောက်နေသူတွေအတွက် အခက်အခဲ သိပ်မရှိလောက်လို့ အကူအညီ တောင်းလိုက်ရပါတယ်။ တကယ်လို့ ပြည်တွင်းက လူတွေအနေနဲ့လည်း တတ်နိုင်သလောက် တစ်ထောင် နှစ်ထောင်ကအစ လှူဒါန်းနိုင်ပါတယ်။ ဦးဇင်း ဦးကောဝိဒရဲ့ သင်တန်းကျောင်းအတွက် လက်တလော လိုအပ်နေတဲ့ ပစ္စည်းတွေကတော့

၁။ ကွန်ပြူတာ (လက်ရှိ ခြောက်လုံးသာ ရှိသည်)

၂။ သင်တန်းခန်းမ မျက်နှာကျက် (လုံးဝ မရှိသေးပါ)

၃။ ကြမ်းခင်းအုတ်ခင်း (ခန်းမ အရှေ့ပိုင်းကို ညီလင်းဆက်ကူညီသော အလှူနဲ့ အုတ်ခင်းပြီး)

၄။ ၁ဝ ကီလိုဝပ်ထွက် မီးစက်တစ်လုံး (မီးမရှိလျှင် လုံးဝ သင်မရပါ။ လက်ရှိ လျှပ်စစ်မီးမှာ ပျက်တလှည့်
မလာတလှည့်)

၅။ နည်းပညာပိုင်း ဆိုင်ရာ ပညာဒါန သင်ကြားပေးနိုင်သူ (မန်း သို့ စစ်ကိုင်းတွင် သင်ကြားပေးနိုင်သူ ဖြစ်ရန်လိုသည်)

၆။ အင်တနက် သင်တန်း သင်ကြားနိုင်ရန် အွန်လိုင်း သုံးစွဲခွင့် (အင်တာနက် ကဖေးဆိုင် တစ်ဆိုင်မှ သူ့ဆိုင်တွင် သင်ကြားနိုင်ရန် အချိန်ပိုင်း လှူဒါန်းထားသည်။ ထိုအလှူရှင်ကဲ့သို့ လှူဒါန်းနိုင်လျှင် ပိုကောင်းမည်။ သို့မဟုတ် တစ်နာရီ သုံးစွဲခ လျှော့ဈေးဖြင့် ညှိနှိုင်းပေးပါကလည်း အဆင်ပြေပါမည်။ သို့မဟုတ်ပါက အလှူငွေဖြင့် အင်တာနက် သုံးစွဲဖို့ စီမံရပါမည်)

၇။ ရေအေးစက် (အင်မတန်ပူသော စစ်ကိုင်းမြို့အတွက် လိုပါသည်)

၈။ အလှူငွေ (တခြား သင်တန်းအတွက် လိုအပ်ချက်များ စီမံဆောင်ရွက်ရန်)

လှူဒါန်းလိုသူများ ဆက်သွယ်ရန်

၁။ ဦးကောဝိဒ @mailto: kovida9@gmail.com

၂။ ပီကေ @mailto: pikay@myanmarbloggers.org

၃။ ညီလင်းဆက် @site: http://blog.nyilynnseck.com

၄။ မျက်လုံး @mailto: thethtoo@gmail.com

၅။ မင်းယွန်းသစ် @mailto: minnyoonthit@gmail.com

၆။ အရုပ်ကလေး @mailto: idulize@gmail.com

နိုင်ငံခြားမှ လှူဒါန်းလိုသူတွေအတွက် PayPal နှင့် UK Bank Account နှစ်မျိုးစလုံးနဲ့ လှူဒါန်းနိုင်ပါတယ်။ ဦးဇင်း ဦးကောဝိဒရဲ့ ကိုယ်ပိုင် ဘလော့ဂ်ကိုလည်း သွားရောက် လေ့လာနိုင်ပါတယ်။
ဦးဇင်းဘလော့ဂ်မှာ ကျနော် အပေါ်မှာတင်ပြခဲ့တဲ့ ဦးဇင်းရဲ့ လှုပ်ရှားမှုတွေကို ဓါတ်ပုံနဲ့တကွ အသေးစိတ် ဖော်ပြထားပါတယ်။ သွားရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။ ကျနော်အနေနဲ့ တောင်းဆိုချင်တာက အလှူငွေမှ မဟုတ်ဘဲ ကူညီတဲ့အနေနဲ့ ဒီပို့စ်လေးကို တတ်နိုင်သလောက် ဖြန့်ဝေပေးစေချင်ပါတယ်။





http://problemclean.ning.com/profiles/blog/show?id=2257474%3ABlogPost%3A276131&xgs=1
မှကူးယူဖော်ပြပါသည်...

Post a Comment

Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.